Insights

Back to Insights

Video Wall System ဆိုတာဘာလဲ။

insight1 min read
Video Wall System ဆိုတာဘာလဲ။

နည်းပညာတွေ တိုးတက်လာတဲ့အခါ မိတ်ဆွေတို့ ပုံမှန်မြင်တွေ့နေကြတဲ့အရာတွေထက် ပိုကောင်းတဲ့ အရာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အခုပြောပြပေးမယ့် Video Wall System ဆိုတာကလည်း အဆင့်ဆင့်ပြောင်းလဲလာတဲ့ ခေတ်မီ နည်းပညာတစ်ခုပဲဖြစ်ပါတယ်။

1. Video Wall System ကို ဘယ်နေရာတွေမှာ အများဆုံး မြင်တွေ့ရမလဲ

Video Wall System ကို အဓိကအားဖြင့် အောက်ပါနေရာတွေမှာ အများဆုံး အသုံးပြုကြပါတယ် -

  • Retail Stores & Shopping Malls
  • Control Rooms (CCTV & Security Operations)
  • Corporate Offices & Boardrooms
  • Public Spaces & Airports
  • Event Venues & Broadcasting Studios
  • Educational Institutions, Museums & Galleries

2. Video Wall System ဆိုတာဘာလဲ

အကျဉ်းချုပ်ပြောရရင် မျက်နှာပြင်များစွာ၊ အကန့်များစွာနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ Display System ကြီးတစ်ခု ဖြစ်ပါတယ်။

မျက်နှာပြင်ပေါ်မှာ လှုပ်ရှားမှုပုံရိပ်များစွာကို ထင်ရှားပြတ်သားစွာနဲ့ စောင့်ကြည့်စီမံနိုင်မှာဖြစ်တာကြောင့် နောက်ပိုင်းမှာ အသုံးအများဆုံး စနစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

3. ဘာကြောင့် Video Wall System ကို အသုံးပြုကြတာလဲ

  • High Resolution & High Pixels: System ကြီးတစ်ခုလုံးမှာ Pixel မြင့်မားစွာနဲ့ Resolution ကောင်းကောင်း ရရှိတာကြောင့် ကြော်ငြာလုပ်ငန်းတွေနဲ့ CCTV Control Room တွေမှာ အဓိက အသုံးပြုကြပါတယ်။
  • Ultra-Narrow Bezel: ကျဉ်းမြောင်းလွန်းတဲ့ ဘေးဘောင်တန်းတွေကြောင့် မြင်ကွင်းအတွက် အနှောင့်အယှက် မဖြစ်စေဘဲ စုစည်းနေတဲ့ မြင်ကွင်းတစ်ခုအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။
  • Wide Viewing Angle & Brightness: ဘယ်လို အလင်းရောင်မျိုးမှာမဆို ထင်ရှားပြတ်သားစွာ ကြည့်ရှုနိုင်ပြီး Wide View Angle ဖြစ်တာကြောင့် ဘယ် Position ကနေကြည့်ကြည့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်။
  • Dynamic Content Display: Photo နဲ့ Video ကြော်ငြာတွေကို အချိန်နဲ့တပြေးညီ ပြသနိုင်ရုံတင်မကဘဲ အဝေးကနေလည်း ထိန်းချုပ် (Control) လုပ်နိုင်ပါတယ်။

ဒီလိုအချက်တွေက မိတ်ဆွေတို့ရဲ့ လုပ်ငန်းကို ပိုပြီး Smart ကျစေသလို သက်တောင့်သက်သာရှိစေမှာပါ။


ဒါကတော့ Video Wall System ရဲ့ အခြေခံအကြောင်းအရာ အကျဉ်းချုပ်ဖြစ်ပါတယ်။ နောက်ရက်တွေမှာ Video Wall System မှာ ပါဝင်တဲ့ စနစ်တွေနဲ့ အလုပ်လုပ်ပုံတွေကို အသေးစိတ် ထပ်မံပြောပြပေးသွားပါဦးမယ်ဗျ။

CCTV နဲ့ Technology အကြောင်းအရာများကို အမြဲတမ်း တင်ဆက်ပေးနေတဲ့ Star Matrix Technology ကိုလည်း စောင့်ကြည့်ပေးကြပါဦးဗျ။