စိတ်ချလုံခြုံတဲ့ အိမ်လေးတစ်အိမ်ဖြစ်ဖို့ ဘာတွေလုပ်ဆောင်ကြမလဲ။

ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်စေတဲ့ အရာတိုင်းဟာ မိတ်ဆွေတို့ရဲ့ လူနေမှုပုံစံကို ပိုပြီး Smart ဖြစ်စေမှာပါ။ ဒါဆိုရင် Smart ဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့ ဘာတွေလိုအပ်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။
1. Quality ကောင်းမွန်တဲ့ CCTV ကင်မရာများ တပ်ဆင်ပါ
အန္တရာယ်တစ်စုံတစ်ရာ ဖြစ်လာပြီဆိုရင် အရင်ဆုံး CCTV မှတ်တမ်းကိုပဲ ကြည့်ကြရတာ ဖြစ်ပါတယ်။ Quality မကောင်းတဲ့ CCTV တွေတပ်ဆင်ပြီး စိတ်ရှုပ်ခံနေမယ့်အစား တိကျရှင်းလင်းတဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်တဲ့ Quality ကောင်းမွန်တဲ့ ပစ္စည်းတွေကို ရွေးချယ်တပ်ဆင်ဖို့ အကြံပြုချင်ပါတယ်။
2. လှုပ်ရှားမှုတိုင်းကို တုံ့ပြန်ပေးမယ့် ELV စနစ်များ တပ်ဆင်ပါ
မဖြစ်နိုင်ဘူးလို့ မပြောနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။
- Fire Alarm System: မီးအန္တရာယ် ဖြစ်ပွားလာပါက အချိန်မီ သိရှိနိုင်ရန် အသိပေးတပ်လှန့်ပေးမယ့် စနစ်။
- Intrusion Alarm System: မလိုလားအပ်သော ကျူးကျော်ဝင်ရောက်မှုများ ရှိလာပါက အချက်ပေးမယ့် စနစ်။
- Smart Home Automation: လူကိုယ်တိုင် လှုပ်ရှားရွှေ့လျားနေစရာ မလိုဘဲ အလွယ်တကူ ထိန်းချုပ်နိုင်မယ့် Smart System များ။
မိတ်ဆွေတို့ရဲ့ အိမ်ကို ပိုမိုလုံခြုံစိတ်ချရဖို့နဲ့ ပိုပြီး Smart ကျစေဖို့ ဒီလိုစနစ်တွေ တပ်ဆင်ထားတာဟာ မိသားစုနဲ့ ပတ်ဝန်းကျင်အတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။
ဒီလို Smart ဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ စနစ်တွေကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ အသေးစိတ် သိရှိချင်တာပဲဖြစ်ဖြစ် မန္တလေးမြို့ရဲ့ IT Company တစ်ခုဖြစ်တဲ့ Star Matrix Technology ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။
