Insights

Back to Insights

Resolution (720 vs 1080 vs 4K) ဘာကွာခြားချက်တွေရှိလဲ။

insight1 min read
Resolution (720 vs 1080 vs 4K) ဘာကွာခြားချက်တွေရှိလဲ။

CCTV တပ်ဆင်တဲ့အခါမှာ အရေးအကြီးဆုံးအချက်တွေထဲက တစ်ခုဖြစ်တဲ့ Resolution အနိမ့်အမြင့်ကို ဘယ်လိုတိုင်းတာလဲ၊ ဘယ်လိုနေရာတွေမှာ အသုံးဝင်မလဲဆိုတာ ဒီပို့စ်မှာ ဆွေးနွေးပေးသွားပါမယ်။

1. 720P - 1280 × 720 (0.9 MP)

Small Room တွေလိုနေရာမျိုးနဲ့ အိမ်သုံး CCTV တပ်ဆင်ချင်တဲ့အခါမှာ အများစုရွေးချယ်ကြတဲ့ Resolution မျိုးပဲဖြစ်ပါတယ်။

သူ့ရဲ့အားသာချက်ကတော့ စျေးအသင့်အတင့်ရှိပြီး သုံးတဲ့ Budget နဲ့လိုက်ဖက်တဲ့ စွမ်းဆောင်မှုကို ပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်။ သို့သော် Face Recognition ကို Support ပေးမထားတဲ့အတွက် လူမျက်နှာအနေအထားတွေကို တိကျရှင်းလင်းအောင် ဖော်ပြပေးနိုင်မှာတော့ မဟုတ်ပါဘူး။

ဒါကြောင့် အိမ်မှာ ပေါ့ပေါ့ပါးပါး CCTV တပ်ထားချင်တယ်ဆိုရင်တော့ သင့်တင့်မျှတတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။

2. 1080P - 1920 × 1080 (2 MP)

စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ အလုပ်ရုံးခန်းစတဲ့ နေရာတွေမှာ အသုံးပြုဖို့ ပိုပြီးသင့်တော်ပါတယ်။

လူမျက်နှာတွေ၊ ကားနံပါတ်၊ ဆိုင်ကယ်နံပါတ်တွေကို တိကျရှင်းလင်းတဲ့ မြင်ကွင်းနဲ့ မြင်တွေ့ရနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းအတွက် Resolution ကောင်းကောင်းကို ရွေးချယ်ရတော့မယ်ဆိုရင် မဖြစ်မနေ ရွေးချယ်သင့်ကြောင်း အကြံပေးပါရစေဗျ။

3. 4K Resolution

လူထူထပ်တဲ့နေရာတွေ၊ Commercial Building တွေ၊ Public Area တွေနဲ့ Security မြှင့်ဖို့လိုအပ်တဲ့ နေရာမျိုးတွေမှာ မဖြစ်မနေ အသုံးပြုသင့်ပါတယ်။

အတိကျဆုံးနဲ့ အပြတ်သားဆုံး မြင်ကွင်းတွေကို ပုံဖော်ပေးနိုင်တဲ့အတွက်ကြောင့် အကောင်းဆုံး Quality ကို ရွေးချယ်ချင်တယ်ဆိုရင်တော့ မဖြစ်မနေ 4K Resolution ကို ရွေးချယ်သင့်ပါတယ်ဗျ။

ဒီနေ့ ကျွန်တော်ပြောပြပေးသွားတဲ့ (720 vs 1080 vs 4K) Resolution တွေအကြောင်းကိုဖတ်ပြီး CCTV အတွက် စဉ်းစားနေပြီဆိုရင် ကျွန်တော်တို့ Star Matrix Technology ကနေ အကောင်းဆုံး ဝန်ဆောင်မှုပေးနေပြီဆိုတဲ့ အကြောင်းလေးကိုပါ ထပ်လောင်းပြောလိုက်ပါတယ်ဗျ။

CCTV နဲ့ပတ်သက်တဲ့ ဗဟုသုတတွေအပြင် Technology နဲ့ပတ်သက်တဲ့ အကြောင်းအရာမျိုးစုံကို ကျွန်တော်တို့ Star Matrix Technology ကနေ မိတ်ဆွေတို့အတွက် အမြဲတမ်း တင်ဆက်ပေးနေပါတယ်ဗျ။