CCTV တပ်တော့မယ်ဆိုရင် ဘယ်အချက်တွေသိထားသင့်လဲ။

လူနေမှုဘဝလုံခြုံစိတ်ချဖို့အတွက် လုပ်ဆောင်ရမယ့်နည်းလမ်းတွေအများကြီးရှိတဲ့အထဲကမှ CCTV တပ်ဖို့အချက်ကလည်း အရေးကြီးနေပြန်ပါတယ်။ စိတ်ချရတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ဖို့ သင့်ကိုယ်စား CCTV ရဲ့လုပ်ဆောင်ချက်တွေက ပတ်ဝန်းကျင်တစ်ခုလုံးကို ကောင်းကျိုးတွေဖြစ်ပေါ်စေမှာပါ။
ဒါဆို CCTV တပ်တော့မယ်လို့ စဥ်းစားထားတဲ့ မိတ်ဆွေတွေအတွက် ဒါလေးတွေအရင်ဖတ်ထားစေချင်ပါတယ်။
1. Location (နေရာအနေအထား)
နေရာအနေအထားက CCTV တပ်တော့မယ်ဆိုရင် နံပတ်(၁) အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ အိမ် ဒါမှမဟုတ် ရုံးခန်းရဲ့ အဓိကဘယ်လိုနေရာတွေမှာ CCTV ကိုတပ်ဆင်မှာလဲ၊ အဓိကနေရာတွေကိုပဲရွေးပြီးတပ်မှာလား၊ တစ်အိမ်လုံး၊ တစ်ရုံးလုံးကိုပဲတပ်မှာလားဆိုတာ မိတ်ဆွေတို့ကိုယ်တိုင် တိုင်ပင်ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။
2. Camera Type (ကင်မရာအမျိုးအစား)
မိတ်ဆွေရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ကင်မရာအမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရမှာဖြစ်ပါတယ်။ ကိုယ်သုံးမဲ့ Budget အပေါ်မူတည်ပြီး အောက်မှာပြထားတဲ့ ကင်မရာအမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။ များသောအားဖြင့် CCTV Camera အမျိုးအစားများစွာ တွေ့ရမှာပါ -
- Pan Tilt and Zoom (PTZ) CCTV
- Infrared Night Vision Cameras
- Dome CCTV Cameras
- Bullet CCTV
- C-Mount Surveillance Cameras
- IP CCTV Systems
- Wireless CCTV Cameras
- Day and Night CCTV
ဒီကင်မရာအမျိုးအစားတွေကို ကျွမ်းကျင်တဲ့ CCTV technician တွေနဲ့ တိုင်ပင်ပြီး လိုအပ်သလို ရွေးချယ်နိုင်ပါတယ်ဗျ။
3. Choose DVR or NVR (DVR သို့မဟုတ် NVR ရွေးချယ်ခြင်း)
- DVR (Digital Video Recorder): CCTV ကနေရလာတဲ့ Video မှတ်တမ်းများကို သိမ်းဆည်းပေးပြီး အချိန်မရွေးပြန်လည်ကြည့်ရှုနိုင်ဖို့ Data တွေကို သိမ်းစည်းပေးထားမှာဖြစ်ပါတယ်။
- NVR (Network Video Recorder): Internet နဲ့ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်သလို Camera Resolution ကောင်းကောင်းနဲ့ မှတ်တမ်းတွေကို အကန့်အသတ်မရှိပဲ သိမ်းစည်းနိုင်တာကြောင့် DVR ရဲ့လုပ်ဆောင်ချက်နဲ့ နည်းနည်းတော့ကွာခြားပါတယ်။
Quality ကောင်းကောင်းနဲ့ အသုံးပြုချင်တဲ့သူတွေအတွက်ဆိုရင်တော့ High Quality ပေးနိုင်တဲ့ NVR ကိုရွေးချယ်သင့်သလို၊ စျေးသက်သက်သာသာနဲ့ Budget Save အသုံးပြုတော့မယ်ဆိုရင်တော့ DVR ကိုသာရွေးချယ်ကြဖို့ အကြံပေးချင်ပါတယ်ဗျ။ ဒီနေ့ခေတ်မှာတော့ DVR အစား NVR ကိုသာ ရွေးချယ်ကြတာကို တွေ့ရမှာပါ။
4. Remote Access (အဝေးမှ ကြည့်ရှုစစ်ဆေးနိုင်မှု)
Smartphone နဲ့ Website တွေကတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မယ့် ကင်မရာကိုရွေးချယ်ပါ။ ဒါကလည်း ဒီနေ့ခေတ်အနေနဲ့ အရမ်းကိုအရေးကြီးပါတယ်။ ဘယ်သွားသွား Smartphone တစ်လုံးမပါမဖြစ် အခြေအနေမှာ အဝေးကနေထိန်းချုပ်နိုင်မယ့်စနစ်ကို ရွေးချယ်ဖို့ အကြံပေးပါတယ်ဗျ။
5. Backup Power (အရန်ဓာတ်အားစနစ်)
လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတဲ့အချိန် အဆက်မပြတ်လည်ပတ်နိုင်စေဖို့အတွက် UPS (Uninterruptible Power Supply) လို Power အရန်အနေနဲ့ ထားရှိသင့်ပါတယ်။
6. Consult with Technician (ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်း)
အပေါ်ကပြောထားတဲ့အချက်တွေကို ကျွမ်းကျင်တဲ့ CCTV ပညာရှင်တွေနဲ့ တိုင်ပင်ပြီးဆွေးနွေးသင့်ပါတယ်။ CCTV နဲ့ပတ်သတ်ရင် အတွေ့အကြုံရှိ Technician တွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ Star Matrix Technology ကို CCTV နဲ့ပတ်သတ်တဲ့ လိုအပ်ချက်တွေကို တိုင်ပင်ဆွေးနွေးလို့ရပါတယ်ဗျ။
Star Matrix Technology ကနေ အချိန်မရွေး မိတ်ဆွေတို့ကို စောင့်ကြိုနေပါတယ်။
