Insights

Back to Insights

CCTV Night View ဘယ်လောက်အရေးပါလဲ။

insight1 min read
CCTV Night View ဘယ်လောက်အရေးပါလဲ။

2025 ရောက်လာတဲ့အချိန်မှာ အရာရာဟာ အားလုံးပြောင်းလဲလာခဲ့ကြပြီဖြစ်သလို Technology ပစ္စည်းတွေကလည်း နောက်ပိုင်းမှာ အံ့သြစရာကောင်းလောက်တဲ့ ပြောင်းလဲမှုတွေကို မြင်တွေ့နေရပြီပဲဖြစ်ပါတယ်ဗျ။

ဒါဆို CCTV System တွေရော ဘာတွေပြောင်းလဲသွားပြီလဲ?

1. အရင်ကနဲ့ မတူတော့တဲ့ Night View နည်းပညာ

  • အရင်တုန်းက CCTV များ: ညဘက် Night View ကြည့်မယ်ဆိုရင် ပုံရိပ်တွေဟာ ရှင်းလင်းပြတ်သားမှု မရှိသလို Color အရလည်း Black & White တစ်မျိုးတည်းကိုပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။
  • လက်ရှိ CCTV များ: Night View တွေကို အပြင်မှာ မြင်တွေ့ရတဲ့အတိုင်း ကာလာစုံစုံလင်လင်နဲ့ တိကျရှင်းလင်းပြတ်သားစွာ ဖန်တီးပေးနိုင်တဲ့ Full-Color Night Vision CCTV များကို အခုလက်ရှိ အများစု အသုံးပြုနေကြပြီပဲဖြစ်ပါတယ်။

2. ညဘက် လုံခြုံရေးအတွက် Night View ရဲ့ အရေးပါမှု

ညအချိန်မှာ အဖြစ်များတတ်တဲ့ မိမိအိမ်ကို လူစိမ်းကပ်တာမျိုး ဒါမှမဟုတ် အရေးကြီး အကြောင်းအရာတစ်ခုခုကို ပြန်လည်စစ်ဆေးချင်တဲ့အခါမှာ တိကျပြတ်သားတဲ့ မြင်ကွင်းနဲ့ ကာလာပါဝင်တဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဒီ Night View နည်းပညာ ပြောင်းလဲလာမှုဟာ CCTV System တစ်ခုလုံးအတွက် များစွာအကျိုးသက်ရောက်စေတဲ့ တိုးတက်မှုတစ်ခုပဲဖြစ်ပါတယ်။


CCTV နဲ့ပတ်သက်တဲ့ ဗဟုသုတတွေအပြင် Technology နဲ့ပတ်သက်တဲ့ အကြောင်းအရာမျိုးစုံကို ကျွန်တော်တို့ Star Matrix Technology ကနေ မိတ်ဆွေတို့အတွက် အမြဲတမ်း တင်ဆက်ပေးနေပါတယ်ဗျ။